ကန်တော်ကြီး (မန္တလေး)

Listing Description

မန္တလေးကန်တော်ကြီးကို ၁၉၉၇ ခုနှစ်မှစကာ တက်သေး အင်းအမည်မှ မန္တလေးကန်တော်ကြီးအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ကန်တော်ကြီးတွင် ခေတ်မီစားသောက်ဆိုင်များ၊ အနားယူအပန်းဖြေစရာပန်းခြံများ၊ ကလေးကစားကွင်းများနှင့် လှပစွာတည်ရှိနေသည်။  မြေပဒေသာကျွန်းများ သစ်ပင်ပန်းများဖြင့် အစိမ်းရောင် လွှမ်းခြုံနေသော အပန်းဖြေစရာနေရာ တစ်ခုဖြစ်လာပြီး ရုံးပိတ်ရက်များ၊ ကျောင်းပိတ်ရက်များနှင့် အခါကြီး ရက်ကြီးများတွင် အပန်းဖြေအနားယူသူများဖြင့် စည်ကားသောနေရာ တစ်ခုပင်ဖြစ်သည်။ ကောင်းမွန်သောကန်ပတ်လမ်းများမှသည် အနောက်ဘက်ဧရာဝတီ ရှုခင်းကိုကြည့်ရှုနိုင်ပါသည်။ ပြည်ကြီးမွန်ဖောင်တော်၏အလှ၊ ကန်တော်ကြီး ရေပြင်၏အလှများကို ရှုစားနိုင်သလိုပင် မြင့်မားလှသည့် ဈေးချိုအနီးမှ အဆောက်အအုံများကို ထင်ရှားစွာ မြင်တွေ့နိုင်သော နေရာပင်ဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များ ဆော့ကစားနိုင်ရန် စီစဉ်ပေးထားသော ကစားစရာများ၊ အရုပ်များကို လှပစွာ သရုပ်ဖော်ပေးထားမှုမှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။