ရှင်မာလဲစေတီတော် (မန္တလေး)

Listing Description

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီးမြောက်ဘက် အပြင်မီးတားတံတိုင်းအနီးတွင် တည်ရှိပြီး ထူးခြားသောပွဲတော် တစ်ခုရှိသည့် ဘုရားစေတီတစ်ဆူလည်းဖြစ်ပါသည်။ စေတီတော်ကို အလောင်းစည်သူမင်း၏ သားတော် မင်းရှင်စောက မန္တလေး ရွှေတောင်အရပ်ဖြစ်သော ထွန်တုန်းပူတက် (ယခု ဗိုလ်တက်ကုန်း) တွင် ထီးနန်းစံနေစဉ် တည်ထားခဲ့သည်ဟု သိရသည်။ စေတီတော်ပုံသဏ္ဌာန်မှာ တာ၀တိံသာနတ်ပြည်မှ စူဠာမဏိစေတီတော်ပုံစံကို ရည်မှန်း၍ တည်ထားသည်ဟုသိရပြီး နတ်လမ်းများ၊ မုခ်ဦးများ၊ ဘုံအဆင့်များဖြင့် တင့်တယ်လှပါသည်။ နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင် ကျင်းပသော ဘုရားပွဲတော်၌ ကြာပန်းကပ်လှုပွဲ (သို့) ကြာပန်းပစ်ပွဲတော် ကျင်းပပါသည်။ ဘုရားဖူးလာရောက်ကြသူ အားလုံးမှာလည်း ကြာပန်းတစ်မျိုးတည်းကိုသာ လှူဒါန်းကြခြင်း ဓလေ့ရှိသဖြင့် ထူးခြားသည့် ပွဲတော်တစ်ခုဖြစ်နေပါသည်။ ရှင်မာလဲဘုရားအား ကြာပန်းတစ်မျိုးတည်းသာ ကပ်လှုပူဇော်ရခြင်းအကြောင်းမှာ ရှင်မာလဲမထေရ်မြတ်မှာ သီဟိုဠ်ရ်ကျွန်း၊ ကုရောဒနဇနပုဒ်အရပ်တွင် သီတင်းသုံးနေစဉ် ဆင်းရဲသားတစ်ယောက် လှူဒါန်းလိုက်သည့် ကြာညိုပန်းများအား တာ၀တိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်တွင် ကပ်လှုပူဇော်ခဲ့သည်ကို ရည်စူး၍ ဘုရားဒကာဖြစ်သော မင်းရှင်စောမှ ရှင်မာလဲစေတီတွင်လည်း ကြာပန်းတစ်မျိုးတည်းကိုသာ ကပ်လှုပူဇော်ခဲ့သည်ဟု ဆိုကြပါသည်။