ရွှေမုဋ္ဌောစေတီ

Listing Description

တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းကြီး၏ တောင်ဘက်အစွန်ဆုံးကျသော ဘုရားတောင်ပေါ်တွင် တည်ရှိသည်။ သီရိဓမ္မာသောကမင်းကြီး ကောင်းမှုတော် စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပြီး ပုဂံခေတ်တွင် အလောင်းစည်သူမင်းကြီးက ဓာတ်တော်မွေတော်များ ဌာပနာ၍ စေတီတော်ကို ထပ်မံတည်ထားခဲ့သည်ဟု ဆိုပါသည်။ စေတီဟောင်းမှ အုတ်နီခဲကိုကြည့်၍ ပုဂံခေတ်ကစေတီဖြစ်သည်ဟု သမိုင်းပညာရှင်တို့က ယူဆကြောင်းသိရသည်။ စေတီတော်ကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။ ယခုလက်ရှိ မြင်တွေ့ရသော စေတီတော်မတိုင်မီက စေတီဟောင်းသည် ကုန်းမြင့်ပေါ်၌ အောက်ခံမပါပဲ တည်ထားခဲ့ခြင်းဖြစ်သည်။ သာသနာပြုဆုတောင်းပြည့်ကျောင်းဆရာတော် ဦးသုမင်္ဂလက ဦးဆောင်၍ စေတီဟောင်း၏အောက်ခြေ အုတ်ခုံအမြင့်ပြုလုပ်ခဲ့ပြီး အာရုံခံ၏နောက်ဘေးနှစ်ဘက်တွင် ကုလာကျောင်းခံစေတီငယ်နှစ်ဆူကိုလည်း တည်ထားခဲ့သည်။ စေတီတော်၏ထောင့်လေးထောင့်တွင် အရံစေတီလေးဆူကိုလည်း တည်ထားပါသည်။ စေတီတော်တည်ရှိရာ တောင်မြောက်သွယ်တန်းနေသော တောင်တန်းပေါ်၌ မြစိမ်းတောင်စေတီနှင့် ရွှေဘုန်းပွင့်စေတီတို့ တည်ရှိပါသည်။