မောင်းမကန်

Listing Description

မောင်းမကန်သည် လောင်းလုံးမြို့နယ်တွင် ပါဝင်ပြီး ထားဝယ်မြို့မှ မောင်းမကန်ကမ်းခြေအထိ (၁၃) မိုင် ကွာဝေးပါသည်။ မောင်းမကန်သည် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ပြီး ထင်ရှား ကျော်ကြားသော ကမ်းခြေများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပြာလဲ့နေသော ရေကြည်စမ်းများနှင့် အပန်းဖြေနိုင်သည့်အပြင် ပင်လယ်စာ အစုံအလင်နှင့် သန့်ရှင်း လတ်ဆတ်သော စားသောက်ဆိုင်များလည်းရှိပါသည်။  ကမ်းခြေသည် အလျား ၅ မိုင်၊ အနံကိုက် ၅၀၀ ခန့် သဲသောင်ယံအလှများဖြင့် လှပနေပြီး တောင်နှင့်မြောက် သွယ်တန်းလျက် တည်ရှိပါသည်။ တောင်ဘက်ရှိ အငူအစွန်းတွင် တည်ရှိသည့် မျှော်ရစ်စေတီတော်သည်လည်း ခရီးသွားအများစုကို စွဲဆောင်နိုင်သောနေရာတစ်ခုဖြစ်ပါသည်။ မောင်းမကန်ရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်တွင် သဘာဝရေပူစမ်းတွင်းရှိပါသည်။