မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်များအတွင်း တည်ရှိသည်။ တောင်၊မြောက်၊ အလယ် မောစ်ကော့ကျွန်းများကို ပေါင်းစည်း၍ ၁၉၂၇ ခုနှစ်တွင် ဘေးမဲ့တောအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၄၉.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကျောက်ဆောင်၊ ကျောက်တုံးများပေါများသော ကျွန်းများမှတပါး ကျန်ဒေသများကို အမြဲစိမ်းတော ၇၅ ရာခိုင်းနှုန်းဖုံးလွှမ်းထားသည်။ ကျောက်ဆောင် ကျောက်ဂူများပေါများသော ကျွန်းများတွင် ဇီဝဇိုးငှက်(Collocalia fuciphaga) အသိုက်များပြုလုပ်ကြပြီး ငှက်သိုက်များသည် စီပွားရေးဈေးကွက်အရ ဝယ်ယူလိုမှု အလွန်မြင့်မားသည်။ အလယ်မောစ်ကော့ကျွန်း၏ ရှေ့မျက်နှာတွင်ရှိသော ကမ်းရိုးတန်းတွင် တည်ရှိသည့် မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင်ရှိသော လည်ပတ်သွားလာမှုများသော ကမ်းခြေထဲမှ တစ်ခုဖြစ်ကာ ခရီးသွားများကြားတွင် ရေပန်းစားလှသည်။