ဖိုးဖိုးကျောက်ကမ်းခြေ

Listing Description

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာအနီးတွင် တည်ရှိသည့် သာယာလှပသည့်  သဘာဝအလှများဖြင့် ပြည့်နှက်နေသောကမ်းခြေတစ်ခု ဖြစ်သည်။ ထားဝယ်မြို့မှ ကားဖြင့် ၄၅ မိနစ်ခန့်ခရီးအကွာအဝေးတွင် တည်ရှိသည်။ ယခင်က လူသူအရောက်အပေါက်နည်းပါးခဲ့သော်လည်း ကမ်းခြေကိုအမှီပြု၍ ၂၀၁၇ မှစတင်၍ ခရီးသွားလုပ်ငန်းဖော်ဆောင်ခဲ့သဖြင့် စည်ကားသော ကမ်းခြေတစ်ခုဖြစ်လာခဲ့သည်။ ကမ်းခြေသည် ရေကျချိန်တွင် အလွန်ကျယ်ပြန့်ကာ ကမ်းခြေ၏ဘေးပတ်ဝန်းကျင်ကို တောင်တန်းကြီးများ ဝန်းရံလျက်ရှိပြီး ကတ္တီပါသဲနုများဖြင့် သာယာလှပလျက်ရှိသည်။ ကမ်းခြေအနီးရှိ စားသောက်ဆိုင်များတွင် ပင်လယ်စာမျိုးစုံ အလွယ်တကူ မှာယူစားသောက်နိုင်သည်။