လောင်းလုံးဘုတ်ကျွန်း

Listing Description

လောင်းလုံးဘုတ်ကျွန်းသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်းရှိ တီဇစ်၊ စမ်းလှမ်းကမ်းခြေကျေးရွာများမှ ရေမိုင် ၁၀ မိုင်ကျော် ကွာဝေးသည့် ကပ္ပလီပင်လယ်ပြင်တွင် တောင်နှင့်မြောက် သွယ်တန်းတည်ရှိသည့် မော့စကော့ (Mosco) ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ မော့စကော့ ဆိုသည်မှာ ခရိုင်အတွင်း အနည်းငယ်သာရှိသော ကျွန်းများကို စုစည်းကာ ကိုလိုနီခေတ်က ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မော့စကော့ ကျွန်းများတွင် ဟိဇ္ဇဲဘုတ်ကျွန်း၊ မောင်းမကန်ဘုတ်ကျွန်းနှင့် လောင်းလုံးဘုတ်ကျွန်းဟူ၍ နယ်မြေ သုံးခုသတ်မှတ်ထားသည်။ ဘုတ်ကျွန်းနယ်မြေသုံးခုအနက် လောင်းလုံးဘုတ်ကျွန်းသည် ကမ်းခြေနှင့်အနီးဆုံးဖြစ်သည်။ ကျွန်း၏ အရှေ့မြောက်အပိုင်းတွင် သဲပလုတ်အော် ရှိပြီး လှိုင်းမကြမ်းသောကြောင့် ရေကူးအပန်းဖြေခြင်း၊ ပင်လယ်ရေအောက်မှ သဲများကြည့်ခြင်း၊ သန္တာကျောက်တန်းများနှင့် ပြည့်နှက်နေသည့် စိမ်းပြာရောင်ပင်လယ်ပြင်တည်ရှိသည့် ခရီးသွားအများစု စိတ်ဝင်စားသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။