ရှေးဟောင်းတံကဲတော် (ကျောင်းကုန်း)

Listing Description

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရန်ကုန်မြို့မှ မိုင် ၇၀ ခန့် ကျောင်းကုန်းမြို့ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ဝင်းအတွင်းတွင် တည်ရှိပါသည်။ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ တံကဲတော်ကြီးဖြစ်ပါသည်။ ၁၉၀၅ ခုနှစ်တွင် ဘဒ္ဒန္တကေသရ မဟာထေရ်သည် ပြည်လုံးချမ်းသာရုပ်ပွားတော်ကြီးထုလုပ်ပြီး လက်ရှိပလ္လင်တော်ပေါ်၌ အပူဇော်ခံထားရှိချိန် ရုပ်ပွားတော်ကြီး၏ ကျောဘက်၌ ထားရှိမည့်တံကဲတော်ထုလုပ်ရန် ရွှေကူဘုရားတံကဲတော်သီဟိုဠ်ရှင်ဘုရား တံကဲတော်နှင့် ကနောင်မြို့ရှိတံကဲတော်တို့ကို ထုလုပ်ခဲ့သူ ပန်းပုဆရာ ဦးကံကြီးနှင့် သားဦးတေတို့အား လုပ်ငန်းအပ်နှံခဲ့ပါသည်။ တံကဲတော်ကြီးကို ကျွန်းသစ်တုံး ငါးတုံး၏ အထပ်ငါးထပ်တွင် ကနုတ်ပန်းများ၊ လူ၊ နတ်၊ တိရစ္ဆာန်ရုပ်များ ထည့်သွင်း၍ ထုလုပ်ခဲ့ပါသည်။ တံကဲတော် ထုလုပ်ချိန် သုံးနှစ် ကြာမြင့်ခဲ့ပြီး အရွယ်အစားမှာ ၁၅ ပေ ၁၀လက်မ၊ အမြင့် ၂၇ ပေ ၇ လက်မဖြစ်ပါသည်။ ရွှေကူတံကဲ၊ ရွှေတန့်တစ်တံကဲ၊ ယခုပြည်လုံးချမ်းသာတံကဲ တို့တွင် ပြည်လုံးချမ်းသာတံကဲတော်မှာ အကြီးဆုံးနှင့် အမြင့်ဆုံးဖြစ်ပါသည်။

Crd: မောင်သာ(ရှေးဟောင်းသုတေသန)