ငွေဆောင်ကမ်းခြေ

Listing Description

ငွေဆောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနောက်ဖက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိသည့် မြန်မာနိုင်ငံရှိကမ်းခြေများထဲမှ အကောင်းဆုံးပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့မှ ကားလမ်းခရီး ၅ နာရီ ကြာမြင့်သည်။ ကမ်းခြေသည် ၁၅ ကီလိုမီတာခန့် ကျယ်ဝန်းပြီး ကြည်လင်သန့်ရှင်းသော အပြာရောင်ရေပြင် ဖြူဖွေးသောရေလှိုင်းများအပြင် အရိုင်းဆန်ဆန် သဘာဝအတိုင်း သာယာလှပနေသော ကမ်းခြေတစ်ခုဖြစ်ပါသည်။ ကမ်းခြေနှင့်မနီးမဝေးတွင် ချစ်သူများကျွန်းရှိပြီး ယင်းကျွန်းပေါ်ရှိ တောင်ကလပ်တစ်ခုပေါ်မှ နေဝင်ရှုခင်းကို ကြည့်ရှု့ရန်အကောင်းဆုံးဖြစ်ပါသည်။ ထို့ပြင် ကမ်းခြေအနီးတွင်လည်း ငွေဆောင် ဆင်စခန်းတစ်ခုလည်းရှိပါသည်။