ယဉ်ကျေးမှုပြတိုက်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဗန္ဓုလလမ်းနှင့် ရွှေစည်းခုံဘုရားလမ်းထောင့်တွင် တည်ရှိပါသည်။ ပြတိုက်တွင် မြန်မာ့သမိုင်းကြောင်း၊ ဧရာဝတီတိုင်းသားအကျော်အမော်များ၊ ရိုးရာအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ၊ ကျောက်စာ၊ ပေစာများ၊ မြေထည်လုပ်ငန်းနှင့် စဉ့်ထည်လုပ်ငန်းများ၊ ကြိမ်ထည်လုပ်ငန်း၊ ပုသိမ်ထီးလုပ်ငန်း၊ ယွန်းထည် ပစ္စည်းများနှင့် ရွှံ့ဆေးတံများ၊ ကျေးလက်အနုပညာ ပစ္စည်းများ၊ ၁၉ ရာစုတွင် သုံးစွဲခဲ့သည့် ပုံစံ အမျိုးမျိုးရှိ ကြေးအလေးများ ထည့်ထားသည့် ယွန်းသေတ္တာကြီးတို့ကို ခင်းကျင်း ပြသထားပါသည်။ ပုသိမ်ယဉ်ကျေးမှုပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် ၀၉:၀၀ နာရီမှ ညနေ ၀၄:၃၀ နာရီအချိန်ထိ ဖွင့်လှစ်ပြသလျက်ရှိပါသည်။