မြတ်ထန် (၁၉၂ဝ- ၁၉၈၈)

Listing Description

ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး စာပေဗိမာန် စာမူဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု နှင့် နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)၊ နှင့် စည်သူဘွဲ့ တို့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

မြတ်ထန်ကို ၁၉၂ဝ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အဖ ဦးစံဖေ၊ အမိဒေါ်တော်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။ ရန်ကုန် စိန်ပေါကျောင်းမှ ၁ဝ တန်း အောင်မြင်သည်။ ရန်ကုန် တက္ကသိုလ် ဥပစာ သိပ္ပံ အထက်တန်း၌ ပညာ သင်ကြားနေစဉ် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာ၌ ပညာသင်ကြားရေးကို စွန့်လွှတ်ပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင် တာဝန် အဆင့်ဆင့်ကို ဝင်ရောက် ထမ်းဆောင်ခဲ့သည်။

၁၉၄၂ ခုနှစ်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ဂျပန်နိုင်ငံ ဘုရင့် စစ်တက္ဗသိုလ် ဂျပန် စစ်ပညာသင်ကျောင်းသို့ တက်ရောက်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ဗိုလ်သင်တန်း ကျောင်းအုပ်ကြီး အဖြစ် အမှုထမ်းခဲ့ပြီး၊ ၁၉၅၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ စစ်သံမှူး အဖြစ် ခြောက်နှစ်ခန့် အမှုထမ်းခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသော အခါ တပ်မဟာမှူး၊ တပ်မင်း စသည့် ရာထူး အဆင့်ဆင့်ဖြင့် တပ်မတော်တွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးကြီး တင်မောင်သည် ၁၉၆၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။

တပ်မတော်မှ အငြိမ်းစား ယူပြီးနောက် စာပေလောကသို့ မြတ်ထန် ကလောင်အမည်ဖြင့် ဝင်ရောက်ခဲ့သည်။ သတ္တိ ဟူသည်မှာ မွန်မြတ်သော၊ ကိုယ်ကျိုးမငဲ့သော၊ စစ်မှန်သော၊ သန့်စင်သော အကျင့်အကြံသာ ဖြစ်ထိုက်သည် ဟူသော အမြင်ကို ဖော်ထုတ် ရေးသားခဲ့သည့် "နှောင်းတမြေ့မြေ့" ဝတ္ထုရှည်ဖြင့် "မြတ်ထန်" ဟူသော အမည်သည် စာပေလောက၌ ထင်ရှား ကျော်ကြားလာခဲ့သည်။ "နှောင်းတမြေ့မြေ့" စာမူဖြင့် ၁၉၆၉ ခုနှစ် အတွက် စာပေဗိမာန် စာမူဆု ချီးမြှင့်ရာတွင် ဝတ္ထုရှည် (ပထမဆု) ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ချယ်ရီ မဂ္ဂဇင်းကို ဦးစီး ထုတ်ဝေခဲ့သည်။

၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက စည်သူဘွဲ့ ချီးမြှင့် ပေးအပ်သည်။ ၁၉၇၅ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ရရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်က အပ်နှင်းသော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရရှိခဲ့သည်။

ဆရာသည် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

နှောင်းတမြေ့မြေ့ (၁၉၆၉ စာပေဗိမာန်ဝတ္ထုရှည် ပထမဆုရ) ၁၉၇၀

ဂျပန်ခေတ် စစ်ပညာတော်သင် တစ်ဦး ၁၉၇၁

နှောင်ကြိုးငယ် ငင်သောကြောင့် ၁၉၇၂

ကြင်နာပါတယ် မောင့်ကို ၁၉၇၂

သူတို့ဘဝ သူတို့အလှ ၁၉၇၂

တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ၁၉၇၃

မမကေသီ ၁၉၇၃

မေတ္တာစမ်းနှင့် ပန်းအေ့က ၁၉၇၃

မုန်းသည် ပြုံးသည် ချစ်ရသည် ၁၉၇၃

ဘဝဇာတ်ကြောင်း နှင်ပါလေဦး ၁၉၇၃

မုန်တိုင်းလွန်သော် ၁၉၇၄

ပြန်မပြောချင်တဲ့ ဇာတ်လမ်းတပုဒ် ၁၉၇၄

သက် ၁၉၇၄

မောင်နဲ့သာဆိုရင် ၁၉၇၅

ချစ်သောမမ ၁၉၇၅င် ဇနီး ဒေါ်နန်းဝိုခမ်းနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။