သံလွင်တံတား (ချောင်းဆုံ)

Listing Description

မွန်ပြည်နယ်တွင် တည်ရှိပြီး သံလွင်မြစ်အား ဖြတ်ကျော်တည်ဆောက်ထားကာ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အား ဆက်သွယ်ထားသည့် တံတားတစ်စင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစား ဖြစ်သည်။ မော်လမြိုင်ဘက်ကမ်း မုပွန်ချဉ်းကပ်လမ်းမှာ ၇၅၇ ပေခန့်နှင့် ဘီလူးကျွန်း ကညှော်ချဉ်းကပ်လမ်းမှာ အရှည် ၁၆,၉၈၀ ပေ ရှိသည်။

#သံလွင်မြစ်ကူးတံတား (ချောင်းဆုံတံတား)