ကျိုင်းတောင်းရေတံခွန်

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့မှ မိုင် ၃၀ အကွာရှိ နမ့်တိန်းချောင်းပေါ်တွင် တည်ရှိသည်။ အမြင့်တူရာမှ ရေစီးကြောင်း ၈ ခု ကျဆင်းနေသော အရွယ်အစားကြီးမားသော ရေတံခွန် တစ်ခုဖြစ်သည်။ အထက်ကျိုင်းတောင်းနှင့် အောက်ကျိုင်းတောင်းဟူ၍ နှစ်ခုရှိပြီး ရေတံခွန်မှ ရေလွှဲယူကာ ရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်ရုံလည်း တည်ရှိသည်။ အလျား ၁၀၈ ပေ၊ အကျယ် ပေ ၉၀၊ အမြင့် ၂၂ ပေရှိ သံကူကွန်ကရစ် ရေယူအဆောက်အအုံမှတစ်ဆင့် ကွန်ကရစ်ရေမြောင်း သွယ်ယူပြီး ၁၅ ပေ x ၂၆၀ဝ ပေရှိ ဖိအားမြှင့် သံမဏိပိုက်လိုင်းဖြင့် စုစုပေါင်းရေအား ၄၂၇ ပေ ရယူကာ စက်တပ်ဆင်အား ၁၈ မဂ္ဂါဝပ်ရှိ လျှပ်စစ်တာဘိုင်စက်သုံးလုံး စုစုပေါင်းတပ်ဆင်အား ၅၄ မဂ္ဂါဝပ်ဖြင့်လည်ပတ်ပြီး နှစ်စဉ်ပျမ်းမျှ ကီလိုဝပ် နာရီသန်းပေါင်း ၃၇၇ ဒသမ ၆ ရှိ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်သည့် ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံကို ၂၀ဝ၉ ခုနှစ် မတ် ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကျိုင်းတောင်းရေအားလျှပ်စစ်အခြေပြုရာ ကျိုင်းတောင်းဒေသကို စက်ရုံမှ တိုက်ရိုက်လျှပ်စစ်ဓာတ်အားဖြန့်ချိပေးကာ နမ့်စန်ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းသို့ ပို့ဆောင်ပေးလျက်ရှိသည်။