ဝင့်ထယ်

Listing Description

စာရေးဆရာဝင့်ထယ် ကိုအဖ ဦးဘချစ်ဝင်း၊ အမိ ဒေါ်သန်းကြည် တို့က ၁၉၅ဝ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် အနောက်ကမာရွတ် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးကျော်ဇော ဖြစ်ပြီး မောင်ကြော့ဝေ ကလောင်အမည်ခွဲကိုလည်း အသုံးပြုလေ့ရှိသည်။

၁၉၇၈ ခုနှစ်မှ စ၍ ရုပ်ရှင်အမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခံရသော ကဗျာဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် စာပေများ ရေးသားခဲ့၊ ရေးသားနေဆဲဖြစ်သည်။

ထုတ်ဝေပြီး စာအုပ်များ

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲခေါ်သံ (၂၀၀၁ ခုနှစ်)

- ပုဂံမှ စိန်ပြာကြီးနှင့် ကျိန်စာသင့်သူများ (၂၀၀၂ ခုနှစ်)

- အဆောက်အအုံ အင်ဂျင်နီယာ ဝေါဟာရများ (၂၀၀၃ ခုနှစ်)

- ပန်းသခင် ကြွေလည်း မွှေးနေဆဲပါ (၂၀၀၄ ခုနှစ်)

- ကမ္ဘာကျော်ကြား ဂန္ထဝင်စကားများ (၂၀၀၆ ခုနှစ်)