အင်းလျားကန်

Listing Description

အင်းလျားကန်သည် ရန်ကုန်မြို့၏ ထင်ရှားသောအပန်းဖြေ နေရာတစ်ခုဖြစ်ပြီး ရန်ကုန်မြို့လယ်ပိုင်းအနီးတွင် တည်ရှိပြီး မြောက်ဘက်တွင် ပါရမီလမ်းမကြီး၊ အနောက်ဘက်တွင် ပြည်လမ်းမကြီး၊ အနောက်တောင်ဘက်တွင် အင်းလျားလမ်းကြီးတို့နှင့် ဝန်းရံထားပြီး၊ တောင်ဘက်တွင် ရန်ကုန်တက္ကသိုလ်သို့ သွားသောလမ်းနှင့် အရှေ့ဘက်တွင် ကမ္ဘာအေးဘုရားလမ်း တည်ရှိသည်။ ယခင်က “ရတနာကန်” ဟုခေါ်သည်။ ရန်ကုန်မြို့၏ အကြီးဆုံးကန်တစ်ခုဖြစ်သည်။ ၁၈၈၂ နှင့် ၁၈၈၃ တွင် ဗြိတိသျှတို့က ရန်ကုန်မြို့ ရေပေးဝေရေးအတွက် ဖန်တီးခဲ့သည်။ ရေများ ဖြန့်ဖြူးရေးအတွက် အင်လျားကန်မှ ကန်တော်ကြီးကို ရေပိုက်များနှင့် ဆက်သွယ်၍ ရေပေးဝေခဲ့ဖူးသည်။ အင်းလျားကန် ပတ်လည်ဝန်းကျင်တွင် ဦးနေဝင်း၏နေအိမ်၊ အမေရိကန် ကလပ်၊ အင်းလျားလိတ် ဟိုတယ်၊ မရီနာ ဟောက်စ်၊ မြကျွန်းသာ ပန်းခြံ၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၊ အမေရိကန် သံရုံး၊ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၊ ဘုတ်ကလပ်၊ ရန်ကုန် ရွက်လှေအသင်း၊ စိမ်းလန်းစိုပြေ ပန်းခြံ၊ တက္ကသိုလ် ရေကူးကန်၊ အိုင်ဘီစီ၊ ပြည်လမ်းရှိ နာမည်ကျော် အင်းလျားကန်ဘောင်နှင့် အခြား အိမ်ကြီးအိမ်ကောင်းများ တည်ရှိကြသည်။