နွားထိုးကြီးမြို့မှ စိတ်ဝင်စားဖွယ်ရာ ပျူပုတီး (ချင်းပုတီး) လုပ်ငန်းနှင့် အင်ကြင်းကျောက် လက်မှုအနုပညာလုပ်ငန်း

Listing Description

နွားထိုးကြီး ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နှင့် နွားထိုးကြီးမြို့နယ်ရှိ ဝတီးမြို့ဟောင်းဘုရားကြီး ကျေးရွာတွင် စိတ်ဝင်စားဖွယ်ရာ ပျူပုတီး(ချင်းပုတီး) လုပ်ငန်းနှင့် အင်ကြင်းကျောက်လက်မှုအနုပညာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ပျူပုတီး (ချင်းပုတီး)လုပ်ငန်းမှာ အင်ကြင်းကျောက်များဖြင့် ပြုလုပ်ရသော လုပ်ငန်းဖြစ်ပြီး ပျူပုတီး(ချင်းပုတီး) နှင့် လက်ပတ်များ ဖြစ်လာစေရန် အနုစိတ်ပြုလုပ် ကြရသည်။ ယခင်က ပျူပုတီးကို လက်စင်ဖြင့်ပြုလုပ်သော်လည်း တိုးတက်လာသောခေတ်တွင် စက်စွမ်းအားကို အသုံးပြုကာ ပြုလုပ်လာကြသည်။

ပျူပုတီး(ချင်းပုတီး)ပြုလုပ်ရန်အတွက် ပထမ ဦးစွာ အင်ကြင်းကျောက်များကို စက်ဖြင့်ကြိတ်ကာ ခွဲခြမ်းခြင်းကို ပြုလုပ်ကြရသည်။ ကျောက်များကို ခွဲပြီးသည်နှင့်လုံးသည့်စက်ဖြင့်လုံးကာ အပေါက်များ ဖောက်ကြရသည်။ အပေါက်ဖောက်ပြီးသည်နှင့် အကြမ်း၊ အချော၊ အနု အဆင့်ဆင့် အရောင်တင်ခြင်း များကို ပေါင်းအိုးအတွင်းထည့်ကာ ပြုလုပ်ကြရ သည်။ အရောင်တင်အပေါက်ဖောက်ပြီး ပျူပုတီးများကို ဆေးရောင်ခြယ်ခြင်းများကို စတင်ပြုလုပ်ကြ ရသည်။

အင်ကြင်းကျောက်ဖြင့်ပြုလုပ်ထားသော ပျူပုတီး (ချင်းပုတီး)ကို ဆေးရေးရာတွင် သံဖြင့် ပြုလုပ်ထားသော ကိုက်(ညှပ်သည့်ကိရိယာ)ဖြင့် ညှပ်ထားကာ စတင်ဆေးရေးရသည်။ ဆေးပြုလုပ်ရာတွင် သဘာဝ နည်းများအတိုင်း သဲဆပ်ပြာ၊ တမာစေး၊ လက်ချား၊ ထုံးများရောကြိတ်ကာ ဆေးကိုပြုလုပ်ရပြီး ထိုဆေး ဖြင့် ပထမဦးစွာရေးကြရသည်။

နောက်ပိုင်းတွင် အနက်ဆေးအဖြစ် အနုစိတ်ကာ ဒီဇိုင်းမျိုးစုံရေးကြရသည်။ အနက်ဆေးပြုလုပ်ရာ တွင် မိခင်နို့ရည်၊ ကန့်၊ ဆေးဒန်း၊ ဒုတ္ထာတို့ကို ရောစပ် ကာကြိတ်ပြီး မီးသွေးဖိုနှင့် မီးကင်ကာ အနက် ဆေးခြယ်ခြင်းများကို ပြုလုပ်ကြရသည်။ ဆေးခြယ် ရာတွင် ဆေးစွဲသည့် အင်ကြင်းကျောက်မှာ အပိတ် သားဖြင့် ပြုလုပ်လေ့ရှိသည်။

လက်ရှိကာလတွင် ပျူပုတီး (ချင်းပုတီး) ခေါ် ဆေးရေးပုတီးကို အစဉ်အဆက် ပြုလုပ်လာကြသည်။ ပျူပုတီးကို ဒီဇိုင်းအမျိုးမျိုး ဆေးခြယ်ပေးကြပြီး ပျူပုတီးဆွဲကြိုးတစ်ကုံးလျှင် ငွေကျပ်၁၀၀၀၀ ကျော်ဖြင့် ရောင်းချသည်။ ပျူပုတီးတစ်ကုံးအလုံး ၁၀ဝပါ အတုံးကြီးများကိုမူ ငွေကျပ် ၂၀၀၀၀ ကျော်ဖြင့် ရောင်းချသည်။ လက်ပတ်ကုံးအသေးများကိုမူ တစ်ကုံးလျှင် ငွေကျပ် ၅၀၀၀ ဖြင့် ရောင်းချကြသည်။ ပျူပုတီးအရည်အသွေးအလိုက် ဈေးနှုန်းအနိမ့် အမြင့်ကွာခြားပြီး အွန်လိုင်းကို အသုံးပြုရောင်းချခြင်းကို အားထားပြုလုပ်လာကြောင်း သိရသည်။

နွေနဒီ(မြစ်ငယ်)