မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာ၌ အိုးလုပ်ငန်းကိုကျေးရွာ၏ အဓိကထုတ်ကုန် တစ်မျိုးအဖြစ် တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိ

Listing Description

မိတ္ထီလာ ဒီဇင်ဘာ ၂၀

မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာတွင် အိုးလုပ်ငန်းကို ကျေးရွာ၏ အဓိကထုတ်ကုန် တစ်မျိုးအဖြစ် တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။

သီတက္ကန်(မြောက်)ကျေးရွာတွင် အိမ်ခြေ ၈၃ အိမ်၊ လူဦးရေ ၄၀၀ ကျော်ရှိရာ အိမ်ခြေ ၇၀ ကျော်မှာ အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး ၎င်း အိုးလုပ်ငန်းတွင် လိုအပ်သော မြေများကို အမျိုးသားများက တောမှ လှည်းများ ဖြင့် သယ်ယူပေးကာ အမျိုးသမီးများက အိုးပုံသွင်းခြင်း၊ နေလှန်းခြင်း၊ မီးဖုတ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သီးတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသော အိုးများမှာ သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်းဖုံး၊ ဆီမီးခွက်၊ ထန်းမြေအိုးများဖြစ်သည်။ ထိုသို့ထွက်ရှိသည့် အိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာ အရောက် ဝယ်ယူလျက်ရှိရာ အဆိုပါ အိုးလုပ်ငန်းကို သီတက္ကန် (မြောက်)ကျေးရွာသာမက အနီးအနား ကျေးရွာများကပါ အိုးလုပ်ငန်းကို လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)