ဦးစောမောင် (၁၉၂၈ - ၁၉၉၇)

Listing Description

၁၉၂၈ ခုနှစ် မေလ ၁၂ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တပ်မတော်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ၁၉၅၂ တွင် စတင်၍တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅-၇၆ တွင် ထိုင်းနယ်စပ်ရှိသူပုန်များကို တိုက်ခိုက်ခဲ့သည်။ အောက်ပါရာထူးများကို အဆင့်ဆင့်ရရှိခဲ့သည်။

တပ်ရင်းမှူး

စစ်ဦးစီးမှူး(ပထမတန်း)

စစ်ဗျူဟာမှူး

တပ်မမှူး

တိုင်းမှူး

စစ်ရေးချုပ်

ပါတီဗဟိုကော်မတီဝင်

ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ (ယခုအခေါ်အဝေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် - ကြည်း )

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး

ကာကွယ်ရေးဦးစီးချုပ် (ယခုအခေါ်အဝေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး

၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

၁၉၈၈ တွင် အစိုးရအဖွဲ့အစည်းဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်ထံမှ အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့်လည်း ဆောင်ရွက်ခဲ့သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည့် ဒေါ်အေးရီသည် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ဇနီးဖြစ်ပြီး သား နှစ်ယောက် သမီးတစ်ယောက်နှင့် မြေးသုံးယောက်ထွန်းကားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၄ တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။