ဆွေလှိုင်ဦး

Listing Description

စာရေးဆရာဆွေလှိုင်ဦး

ဆွေလှိုင်ဦး (၁၉၃၉ - ၁၉၇၉)

၁။ အမည်ရင်း - ဦးသက်ဝေ
၂။ မိဘအမည် - ဦးကိုကြီး + ဒေါ်အေး
၃။ မွေးသက္ကရာဇ် - ၂၆၊ ၉၊ ၁၉၃၉
၄။ မွေးဖွားရာ ဒေသ - မန္တလေးမြို့
၅။ ကလောင် အမည်ခွဲများ - မောင်ဆွေသက်

ကိုယ်ရေးဖြစ်စဉ်

ဆရာ ဆွေလှိုင်ဦးအား အဖ ဦးကိုကြီး၊ အမိ ဒေါ်အေးတို့မှ မန္တလေးမြို့တွင် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက် အနက် ဒုတိယမြောက် ဖြစ်သည်။ တပ်မတော် (လေ) တွင် အုပ်ခွဲ တပ်ကြပ်ကြီး အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။ တပ်မတော် (လေ) တွင် တာဝန် ထမ်းဆောင်စဉ်ကပင် ၁၉၆၇ ခုနှစ်တွင် ပြစ်မှု မဂ္ဂဇင်း၌ စာပေ စတင် ရေးသားခဲ့သည်။ ထိုစဉ်က ကလောင်အမည်မှာ 'မောင်ဆွေသက်' ဖြစ်သည်။

ထို့နောက် လျှို့ဝှက်သဲဖို မဂ္ဂဇင်းတွင် ဝတ္ထု အတို၊ အရှည်များ ရေးသားခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် 'အငြိုးတရစ် အဆိုးတရပ် အချစ် တဖူးငုံ' လုံးချင်း ဝတ္ထုအား စတင် ရေးသား ထုတ်ဝေခဲ့သည်။

ဆရာ ဆွေလှိုင်ဦးသည် စာရေးခြင်း အပြင် ပန်းချီဆရာ၊ ဓာတ်ပုံဆရာ အဖြစ်ပါ လုပ်ကိုင် ခဲ့သည်။ ဆရာ ဆွေလှိုင်ဦးသည် ယခင် စာပေလုပ်သား၊ မြန်မာနိုင်ငံ အသင်း၊ ပန်ချီ၊ ပန်းပု ကောင်စီ၊ ကုက္ကိုင်း ရေကူး အသင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့၊ ကျိုက္ကဆံ မြင်းစီး အသင်းတို့တွင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆရာ ဆွေလှိုင်ဦးသည် ၁၂၊ ၄၊ ၁၉၇၉ ခုနှစ်၊ ည ၉ နာရီ ၃ဝ မိနစ်တွင် ကွယ်လွန်ခဲ့သည်။

ဆရာ ဆွေလှိုင်ဦးသည် အမှတ် ၁၆၊ ဝေဠုဝန် (၁) လမ်း၊ ဝေဠုဝန်တောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့နယ်တွင် နေထိုင်ခဲ့သည်။ ဆရာ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြတ်ရီဟန် (အထူး သူနာပြု- အမျိုးသမီးဆေးရုံ)၊ သမီး မနွေးနွေးဦး(B.A. - မြန်မာစာ)၊ သားမောင်ဇော်ရှင်း B. A. Hons. (Psychology) တို့ ကျန်ရစ်ခဲ့သည်။

ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

၁။ အငြိုးတရစ် အဆိုးတရပ် အချစ်တဖူးငုံ (၁၉၇၄)

၂။ မြသည်းစံအိမ် နေညိုချိန် (၁၉၇၅)

၃။ ရွှေလှေကားနှင့် တက်ခဲ့ပါ (၁၉၇၅)

၄။ ဂျက်မ (၁၉၇၆)

၅။ မချောလေးယောက် ကိုယ်တစ်ယောက် (၁၉၇၆)

၆။ မြစံပယ်မြိုင် (၁၉၇၆)

၇။ အင့် (၁၉၇၆)

၈။ လေဟုန်စီး၍ မြေကြီးတုန် (ပထမပိုင်း) (၁၉၇၆)

၉။ လေဟုန်စီး၍ မြေကြီးတုန် (ဒုတိယပိုင်း) (၁၉၇၆)

၁၀။ နေတစ်လွှာ၊ လေတစ်လွှာ၊ မြေကမ္ဘာ (၁၉၇၇)

၁၁။ သွေးကပြောသော စကား (၁၉၇၇)

၁၂။ မချောဆယ်ယောက် ကိုယ်တစ်ယောက် (၁၉၇၇)

၁၃။ မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ် (၁၉၇၇)

၁၄။ အချစ်ညရဲ့ ရင်ခုန်သံ (ပထမပိုင်း) (၁၉၇၇)

၁၅။ အချစ်ညရဲ့ ရင်ခုန်သံ (ဇာတ်သိမ်းပိုင်း) (၁၉၇၈)

၁၆။ ချစ် (၁၉၇၈)

၁၇။ တကိုယ်တော် ဘခက် (၁၉၇၉)

၁၈။ တကိုယ်တော် ဘခက်နှင့် ရင်သိမ့်တုန် ဝတ္ထုများ (၁၉၇၉)

၁၉။ မိုးပေါ်က မချော (၁၉၇၉)

၂၀။ ဈေးချိုသူ (၁၉၈၀)

၂၁။ ကြောင်ရိုင်းသုံးဆယ် (၁၉၈၄)

၂၂။ နေတစ်လွှာ၊ လေတစ်လွှာ၊ မြေကမ္ဘာ (၁၉၉၅)

၂၃။ မချောလေးယောက် ကိုယ်တစ်ယောက်

၂၄။ တတိယမြောက် မှည့်

ရုပ်ရှင်ဗီဒီယိုရိုက်ကူးခဲ့သောဝတ္ထုများ

၁။ ဂျက်မ (ရုပ်ရှင်၂ကြိမ်ရိုက်)

၂။ မချောဆယ်ယောက်ကိုယ်တယောက် (ဗီဒီယို)

၃။ မချောလေးယောက်ကိုယ်တယောက် (ရုပ်ရှင်)

၄။ မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ်
(ရုပ်ရှင်၂ကြိမ်ရိုက်)

၅။ တိုက်ဂါးဘခက် ကျားဘခက်(ရုပ်ရှင်)

၆။ ကြောင်ရိုင်းသုံးဆယ် (ဗီဒီယို)