ကာတွန်းနေမျိုး

Listing Description

အဖဆိုင်းဆရာကြီး ဦးစိန်တင်ဟန်၊ အမိ ဒေါ်စိန်ရင်တို့မှ ၁၃၂၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်နေ့ (၁၉၆၃ခုနှစ်)တွင် မန္တလေးမြို့၌ မွေးဖွား၊ မွေးချင်း(၆)ယောက်၌ ဒုတိယသားဖြစ်သည်။

အ .ထ .က (၁၄)၊ မန္တလေးတွင် အထက်တန်း ပညာသင်ယူခဲ့သည်။

၁၉၈၄ ခုနှစ်တွင် မန္တလေးမြို့ ပန်တျာနှင့် ပန်းချီပန်းပုကျောင်းမှ ပန်းချီပညာကို Commercial Art အထူးပြုအောင်မြင်ခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် မဝင်းမေနှင့် အိမ်ထောင်ကျပြီး သားသမီး (၃)ယောက်ထွန်းကားခဲ့သည်။

ဟန်သစ်မဂ္ဂဇင်း၌ ဝတ္ထုတို စတင်ရေးသားခဲ့သည်။ ယခုလက်ရှိတွင် ဝတ္ထုတို၊ ကဗျာ၊ ဆောင်းပါး၊ ကားတွန်းများ ရေးသားလျက်ရှိသည်။