ဒေါက်တာ မင်းတင်မွန်

Listing Description

စာရေးဆရာနှင့် အငြိမ်းစား တက္ကသိုလ် ပါမောက္ခ ဆရာတစ်ဦး ဖြစ်ပြီး သာသနာရေး အကြံပေးပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ငယ်နာမည်မှာ မောင်တော်ရှိန် ဖြစ်ပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာနေ မွန်လူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးရော်အင်၊ ဒေါ်စိန်တန်တို့မှ (၁၃-၁-၁၉၃၄) တွင်ဖွားမြင်သည့် သားရတနာဖြစ်သည်။

ကမာဝက်မူလတန်းကျောင်းနှင့် မုဒုံမြို့ ရှင်အရဟံအထက်တန်းကျောင်းတို့၌ ပညာဆည်းပူးစဉ် အတန်းစဉ် ပထမရခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အစိုးရကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့ကို သင်္ချာ၊ အထွေထွေသိပ္ပံ ဂုဏ်ထူးနှင့် ပထမအဆင့်မှ အောင်မြင်ပြီးလျှင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ၁၉၅၃ ခုနှစ် ဥပစာတန်း စာမေးပွဲတွင် သင်္ချာပထမဆု၊ ဓာတုဗေဒ ပထမဆုရပြီး တက္ကသိုလ် ဟိုးဝါးကိန်း ရွှေတံဆိပ်ဆုနှင့် တက္ကသိုလ် စကောလားရှစ် ပညာချွန်ဆုတို့ဖြင့် ချီးမြှင့်ခံရသည်။

၁၉၅၅ ခုနှစ် သိပ္ပံဘွဲ့စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ၌ ဂုဏ်ထူးရရှိပြီး တစ်တန်းလုံးတွင်ပထမရသဖြင့် တက္ကသိုလ်ဟာဂျီဘိုင်များရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရသည်။ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင်အချိန်ပိုင်းသရုပ်ပြဆရာအဖြစ် ခန့်ထားခြင်းခံရသည့်အပြင် နိုင်ငံခြားပညာတော်သင်ဆုကိုလည်းရရှိခဲ့သည်။ ထိုနှစ်မှစ၍ ဖခင်နှင့်မောင်နှမတို့ကို လုပ်ကျွေးခွင့်ရခဲ့သည်။

၁၉၅၆ ခုနှစ် သိပ္ပံဓာတုဗေဒ ဂုဏ်ထူးတန်းစာမေးပွဲ ၌ ပထမဆင့်မှအောင်မြင်ပြီး ပထမရသဖြင့် တက္ကသိုလ် ဦးရွှေလေးရွှေတံဆိပ်ဆုဖြင့်ချီးမြှင့်ခံရသည့်အပြင် ဆာဦးသွင်ရွှေတံဆိပ်ဆုကိုပါထပ်ဆင့်ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် ခန့်ထားခြင်းခံရသည်။

၁၉၅၇ တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာဆည်းပူးရာ ၁၉၅၈ ခုနှစ်၌ မဟာသိပ္ပံဘွဲ.ကို ရသည့်အပြင် တက္ကသိုလ်သဟာယပညာချွန်ဆုကြီး (University Fellowship) ကိုပါ ရရှိခဲ့သည်။ ဤပညာချွန်ဆုကြီးကို ရရှိခြင်းသည် အမေရိကန်ကျောင်းသူကျောင်းသားများထက် ပို၍ ပညာထူးချွန်ခြင်းကို ပြ၏။ ၁၉၆ဝ ခုနှစ်တွင် သိပ္ပံပါရဂူဘွဲ့ (Ph.D) ကိုအသက် ၂၆ နှစ်အရွယ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။ ဆစ်မာဆိုင် (Sigma Xi) ဂုဏ်ထူးဆောင်အသင်းကို ဝင်ခွင့်ရခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လာပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်အမူထမ်းသည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၌ ကထိကရာထူးတိုးမြှင့်ခြင်းခံရသည်။ ထို့နောက် မော်လမြိုင်ဒီဂရီကောလိပ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပညာရေးတက္ကသိုလ်တို့တွင် ဓာတုဗေဒဌာနမှူးနှင့် ကထိကတာဝန်ကိုထမ်းဆောင်ရသည်။ ၁၉၈၆ ခုနှစ်မှစ၍ ၁၉၈၈ ထိ မော်လမြိုင်တက္ကသိုလ် ဓာတုဗေဒဌာနမှူးနှင့် တွဲဘက်ပါမောက္ခတာဝန်ကိုထမ်းဆောင်ယူခဲ့သည်။ ၁၉⁠၉၂ ခုနှစ်ဒီဇင်ဘာ ၁ရက်နေ့တွင် တက္ကသိုလ်များ၌ ၃၇ နှစ်ကျော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်၍ သာသနာပြုရန်အတွက် အငြိမ်းစားယူခဲ့သည်။

၁၉⁠၉၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်ထားခြင်းကို ခံရပြီးလျှင် ၁၉⁠၉၈ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပဋိပတ္တိ ပါမောက္ခ အဖြစ်ပါ ပူးတွဲ၍ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၂၀⁠၀၆ ခုနှစ် ဩဂုတ်လ ၁ရက်နေ.မှစ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင်နှင့် ပဋိပတ္တိ ပါမောက္ခအဖြစ် ဆက်လက်တာဝန်ပေးခြင်းခံရသည်။

ရေးသားခဲ့သောစာအုပ်များ

၁။ဝိသုဒ္ဓိမဂ္ဂအလင်းးပြ နိဗ္ဗာန်လမ်းမကြီး (ပထမတွဲ)

၂။ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် 

၃။လိမ္မာယဉ်ကျေး တို့ရင်သွေး

၄။အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင် (ပထမတွဲ)

၅။အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင် (ဒုတိယတွဲ)

၆။ခေတ် အမြင် နှင့် သိမှတ်စရာ ဗုဒ္ဓဘာသာအကျဉ်း

၇။ဆေးမကူဘဲငြိမ်းအေးနည်း

၈။သိပ္ပံ္ပ္ပ္ပ္ပ္ပနယ်လွန် ဗုဒ္ဓ္ဓဘာသာ

၉။ဘဝလွတ်မြောက်ရေးနှင့်အရိယသစ္စ္စာ

၁၀။ဘဝဖန်တီးရှင် ကံတရား

၁၁။သာသနာ့တံခွန် စံပြပုဂ္ဂ္ဂ္ဂိုလ်ထူး သပြေကန်ဆရာတော်ဘုရား

၁၂။ဘဝချမ်းသာရေး

၁၃။ဘဝအောင်မြင်ရေးသို့ရှေးရှုကြ

၁၄။ဘဝကိစ္စနှင့် ဘဝပန်းတိုင်

၁၅။ဘဝရည်မှန်းချက်နှင့် ဘဝလမ်းစဉ်

၁၆။ဘဝလမ်းနှစ်သွယ်

၁၇။ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ

၁၈။မှန်ကန်သော ဘဝအမြင်

၁၉။ပျော်ရွှင်အောင်မြင်သော နေထိုင်နည်း

၂၀။အကောင်းဆုံးဘဝလမ်းညွှန်မှု

၂၁။မေတ္တ္တာ နှင့် သစ္စ္စာ အဖွင့်

၂၂။မေတ္တ္တာ နှင့် သစ္စ္စာ သရုပ်ဖော်

၂၃။မြတ်ဘာဝနာ

၂၄။မြတ်ဒါန

၂၅။မြတ်သံဃာ

၂၆။မြတ်ဓမ္မ

၂၇။မြတ်သရဏဂုံ

၂၈။မြတ်ဗုဒ္ဓ

၂၉။ဘ၀ မြင့်မြတ်လှပတင့်တယ်ရေး မြတ်သီလ

၃၀။သောက ဒေါသ အတ္ပ္တ္တ ဘ၀ အခက်အခဲဟူသမျှ ကျော်လွှားအံ့

၃၁။ရှေးဘ၀ နောက်ဘ၀ သိပ္ပံ္ပ္ပ္ပ္ပ္ပနည်းကျအထောက်အထားများ

၃၂။တော်ကူးဆရာတော် ဘဝဆည်းဆာ နှင့် ကျင့်စဉ်တရား

၃၃။ဝိပသနာဂုဏ်ထူးဆောင် ထူးခြားသော တော်ကူးဆရာတော် နှင်. ထူးဆန်းစွာ ရောဂါပျောက်ခြင်းများ

၃၄။သမထဘာဝနာနှင့် ဝိပဿနာဘာဝနာတို့တွင် အောင်မြင်ပေါက်မြောက်ခြင်း

၃၅။ဗုဒ္ဓဘာသာ စာရိတ္တပညာနှင့် ကျင့်ဝတ်များ

၃၆။အဖိုးတန်ဆုံး ဘဝပညာ တက္ကသိုလ် အဘိဓမ္မာ အတွဲ ၁၊၂၊၃ ပေါင်းချုပ်

၃၇။လိုရင်းအနှစ်တရား ဗုဒ္ဓစကားတော်

၃၈။ဖားအောက်တောရ မိတ်ဆက်

၃၉။Kamma The Real Creator

၄၀။Buddha Abhidhamma Ultimate Science

၄၁။Breakthrough in Samatha Meditation and Vipassana Meditation

၄၂။The Essence Visuddhi Magga Volume 1

၄၃။The Essence of Buddham Abhidhamma