အနဂ္ဂ

Listing Description

အဆိုတော်မင်းမင်းလတ်နှင့် ဒေါ်ယမင်းကြိုင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အဓိက၊ အလင်္ကာ၊ အနဂ္ဂ၊ အမရာ မွေးချင်း လေးဦးရှိပြီး တတိယမြောက် သားဖြစ်သည်။ ငယ်နာမည် ကိုတွိ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချမ်း၊ Rဇာနည် ၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။

ထက်ထက်မိုးဦးနှင့် အိမ်ထောင်ကျခဲ့ပြီး ဂီတလောကမှ ခေတ္တပျောက်သွားခဲ့သည်။ ထက်ထက်မိုးဦးနှင့် ကွာရှင်းပြီးမှ ဂီတလောကတွင် ပြန်ပြီးလှုပ်ရှားလာခဲ့သည်။

ဘာဘူနှင့် တွဲဖက်၍ အနဂ္ဂရဲ့ လုပ်တာ မဟုတ်နှင့် ဘာဘူရဲ့ မဟုတ်တာလုပ် စီးရီးသစ် နှစ်ခွေကို ချိုကြည်သာတေးသံသွင်းမှ (၁၇၊၁၊၂ဝဝ၉)ရက်တွင် ထွက်ရှိခဲ့သည်။

MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် ရသနှင့်အတူ စီစဉ်သူအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။

သီဆိုခဲ့သော တေးစီးရီး

မိတော့မိတယ်

သုံးယောက်ပေါင်းလောင်းကျော်

မောင်တို့ချယ်ရီမြေ

ပြိုင်ဘက်

အနမ်းများစွာအတွက်

နားညီးတော့---အခုမချစ်

ပြန်ပြောပြဘို့တော်တော်ခက်လိမ့်မယ်

ဆယ့်နှစ်ရာသီအချစ်

လုပ်တာမဟုတ် ၊ မဟုတ်တာလုပ် (ပြိုင်ဘက်-၂)