တယ်လ်ဂူမက်သဒစ်ဘုရားကျောင်း

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ အမှတ် (၂၃၉) တွင် တည်ရှိသည်။ ၁၈၇၉ ခုနှစ်တွင် အမေရိကန်သာသနာပြုအဖွဲ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ၁၈၈၀ ပြည့်နှစ်ဝန်းကျင်တွင် မက်သဒစ်ဘုရင်ဂျီ ဂိုဏ်းအုပ်ဆရာတော်များ အထွဋ်အမြတ်ထားရာ ယင်းဘုရားကျောင်းအဆောက်အအုံကို ဆောက်လုပ်ခဲ့သည်။ ထိုအချိန်က ရန်ကုန်မြို့တွင် လူဦးရေ တစ်သိန်းခန့်သာရှိသေးပြီး အင်္ဂလိပ်လူမျိုးနှင့် အာရှ၊ ဥရောပသားတို့မှာ လူဦးရေ သုံးရာခန့်သာရှိသေးသည်။ ဘုရားကျောင်းကိုလည်း အိန္ဒိယအရှေ့တောင်ပိုင်း Andhra Pradesh ပြည်နယ်နှင့် တောင်ပိုင်း Tamil Nadu ပြည်နယ်တို့မှ ခရစ်ယာန်ဘာသာဝင် ရွှေ့ပြောင်းနေထိုင်သူများက ၎င်းတို့၏ မူလဘာသာစကားဖြစ်သော တယ်လ်ဂူစကားကို အစွဲပြု၍ “တယ်လ်ဂူမက်သဒစ်ဘုရားရှိခိုးကျောင်း” ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ တယ်လ်ဂူမက်သဒစ်ဘုရားကျောင်းအဆောက်အအုံသည် ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။