ယွန်းဝတီလွင်မိုး

Listing Description

၁၉၉၈ ခုနှစ် အောက်တိုဘာလ၂၁ ရက်နေ့တွင် ထပ်ဆင့်အကယ်ဒမီ ဦးလွင်မိုးနှင့် ဒေါ်မေသူတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အရပ် ၅ ပေ ၁ လက်မရှိပြီး ယွန်းနဒီလွင်မိုး ဆိုသော ညီမတစ်ယောက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် Myanmar International Fashion Week တွင် runway လျှောက်ပေးသော မော်ဒယ်အဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် Unicef Youth Ambassador တစ်ဦးအနေဖြင့် ခန့်အပ်ခြင်းခံရပါသည်။ သူမ၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ “ရွှေဖူးစာ” ဖြစ်ပြီး ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ ဖွေးဖွေးတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။

Canmake, Kanebo, OPPO, Daisy Cotton, Pureen, Ovaltine, Alpine, Sein Nandaw, She Shines and Unique Clothing တို့အတွက် ကြော်ငြာများ ရိုက်ကူးခဲ့သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုထက်ဦးလှိုင်နှင့် လက်ထပ်ခဲ့ပြီး ၂၀၁၈ ဩဂုတ်လ ၇ ရက်နေ့တွင် သားဖြစ်သူ လွင်ထက် (ခ) Liam ကို မွေးဖွားခဲ့သည်။