ယွန်းယွန်း

Listing Description

သရုပ်ဆောင် ယွန်းယွန်းကို ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ရန်ကုန်၌ မွေးသည်။ အမည်ရင်းမှာ ယွန်းသဒ္ဒါအောင် ဖြစ်သည်။ အရပ် ၅ ပေ ၅ လက်မရှိသည်။ 

၂၀၀၃ ခုနှစ် ၃ နှစ်သမီးအရွယ်မှစ၍ ကလေးသရုပ်ဆောင်ဖြစ်လာသည်။ ဗီဒီယို ဇာတ်ကားပေါင်း ၁၀၀ ကျော်နှင့် မဂ္ဂဇင်းမျက်နှာဖုံးများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုတွင် အထက(၃) ဗိုလ်တထောင်မှ မြန်မာ၊ ဇီဝ နှစ်ဘာသာဂုဏ်ထူးဖြင့် ၁၀ တန်းအောင်သည်။

၂၀၁၂ ခုနှစ်တွင် “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဖြင့် ကလေးသရုပ်ဆောင်ဆု ရရှိခဲ့သည်။

ဆယ်တန်းအောင်ပြီး ဆယ်ကျော်သက်အရွယ်ရောက်လာချိန်တွင် MRTV-4 မှ ထုတ်လွှင့်သော "မနေ့ကဖြစ်သည်" ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။  ၂၀၁၈ ခုနှစ်တွင် မြဝတီရုပ်သံလိုင်းမှထုတ်လွှင့်သော "ရွှေမင်းသမီးနှင့် လူလိမ်" ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။