ဒေါက်တာစန်းစန်းဦး

Listing Description

၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ ဦးစန်း၊ အမိ ဒေါ်ထွေးအောင် တို့က မွေးဖွားခဲ့သည်။ မွေးချင်း ရ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ အမည်အရင်း စန်းစန်းဦး ဖြစ်သည်။

ငယ်စဉ်က အမှတ် (၃)၊ မင်္ဂလာတောင်ညွန့်၊ အစိုးရ အထက်တန်းကျောင်းတွင် မူလတန်းမှ အထက်တန်းပညာ အထိ သင်ကြားသည်။ နောက် ရန်ကုန်မြို့ ဒေသကောလိပ် အမှတ် (၁) တွင် ဆက်လက် ပညာသင်ကြားပြီး ၁၉၈၈ ခုနှစ်၌ M.B.B.S. ဘွဲ့ရသည်။ Med. Sc. (Mental Health) ဘွဲ့လည်း ရသည်။

၁၉၉ဝ ခုနှစ်တွင် ဟန်သစ် မဂ္ဂဇင်း၌ 'ကဝဗတ ယာဆူနရီ' (Kawabata Yasunare) ၏ ဝတ္ထုတို တပုဒ်ကို 'ဆောင်းမိုးဦး' အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုထားသော ဝတ္ထုတို စတင် ဖော်ပြခံရသည်။ ထို့နောက် ကဝဗတ၏ ဝတ္ထုတိုများ ဆက်လက် ပြန်ဆိုပြီးနောက် လုံးချင်း ဝတ္ထုတိုစာအုပ် 'သေလွန်ပြီးနောက်နှင့် အခြားဝတ္ထုတိုများ' ထုတ်ဝေခဲ့သည်။ ထို့ပြင် အခြား နိုင်ငံတကာ ခေတ်သစ် ဝတ္ထုတိုများကိုလည်း မဂ္ဂဇင်းများတွင် ဘာသာပြန်ဆို ရေးသားလျက် ရှိသည်။ ဗာဂျီးနီးယားဝုဖ် (Virginear Woolf) ၏ Kew Gardwns ကို 'ကူးဥယာဉ်များ' အမည်ဖြင့် ပြန်ဆိုပြီး Beauty မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

အနောက်တိုင်း ခေတ်သစ် ဝတ္ထုတိုများနှင့် အရှေ့တိုင်း ဂျပန်ခေတ်သစ် ဝတ္ထုတိုများကို အထူးပြု ပြန်ဆို ရေးသားနေသော မြန်မာ အမျိုးသမီး ဘာသာပြန် စာရေးဆရာမ တဦး ဖြစ်သည်။

ယခုအခါ ဒေါက်တာ စန်းစန်ဦးသည် စိတ်ရောဂါကု ဆေးရုံကြီးတွင် ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင်ရင်း ခင်ပွန်း ဒေါက်တာအောင်မင်း (အောင်မင်း)၊ သား ဉာဏ်လင်း၊ သက်ဆောင်းအေး တို့နှင့်အတူ နေထိုင်လျက်ရှိသည်။