စန္ဒကူးကျောင်းတော်ရာစေတီ

Listing Description

စန္ဒကူးကျောင်းတော်ရာစေတီသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ ကျောင်းတော်ရာ မြို့သစ်တွင် တည်ရှိသည်။ ကျောင်းတော်ရာစေတီ၏ ဉာဏ်တော်အမြင့်မှာ ၉၂ တောင်ထွာရှိပြီး ထီးတော်သုံးဆင့်ရှိရာ အထက်ဆုံးထီးတော်(အဆင့်)မှာ ငွေသား အစစ်ဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် 'မြတ်စွာဘုရား ကိန်းဝပ်တော်မူရာ သရက္ခန်ဂန္ဓာရုံ ကျောင်းတော်ရာ' ဟုဆိုသော ကမ္ပည်းကျောက်စာတွေ့ရှိရာနေရာ၌ မုခ်ထွတ် လေးမျက်နှာရှိသော စေတီတော်၊ ကျောင်း၊ သိမ်၊ စင်္ကြံစသည့် လေးဌာနတို့ကို တည်ထားဆောက်လုပ်တော်မူခဲ့သည်။ ထို့နောက် မင်းအဆက်ဆက်တို့သည် အကြိမ်ကြိမ် ထပ်ဆင့် မွမ်းမံပြင်ဆင်ခဲ့ကြပါသည်။ စေတီတော်ကြီး၏ အရှေ့ဘက် သုံးဖာလုံခန့်အကွာတွင် မုန်းချောင်းရှိပါသည်။