သံသာမိုးသိမ့်

Listing Description

၁၉၉၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဘွဲ့ ရခဲ့သည်။

၂၀၁၄ ခုနှစ်တွင် Star & Model In't ကိုစတင်တက်ရောက်ခဲ့သည်။ ထို့နောက် Oramin F High School Queen 2014 တွင် Best Costume Award ရရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် MRTV-4 ဇာတ်လမ်းတွဲ “မနေ့ကဖြစ်သည်” MRTV-4 ရုပ်သံဇာတ်လမ်းတွဲ၌ သရုပ်ဆောင် အောင်မင်းခန့်၊ ခါရာ၊ ရွန်ဘီဂျေ၊ အေးမြတ်သူ၊ ဆုပန်ထွာတို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် “ကျွန်မကမဟေသီ” ရုပ်သံဇာတ်လမ်းတွဲတွင် အောင်ရေချမ်း၊ ဝင့်ယမုံနိုင်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် “လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲတွင် ကျော်ထက်ဇော်၊ ခန့်သီရိဇော်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။