နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်

Listing Description

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (ယခင်အမည် အေလာလေဆိပ်) သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်မြို့မှ အရှေ့တောင်ဘက် ၁၆ ကီလိုမီတာအကွာ အေလာမြို့နှင့်လယ်ဝေးမြို့ တို့အကြားတွင် တည်ရှိသည်။ ၂၀၀၉ခုနှစ် ဇန်နဝါရီလတွင် ဆောက်လုပ်ရေးလုပ်ငန်းကို Asia Worldကုမ္ပဏီမှ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် စင်ကာပူအခြေစိုက် CPG Corporationမှ ဒီဇိုင်းရေးဆွဲခဲ့ပြီး တစ်နှစ်လျှင် ခရီးသည် ၃.၅သန်းကို ဝန်ဆောင်မှု ပေးနိုင်စွမ်းရှိပါသည်။