တွင်းတောင်

Listing Description

တွင်းတောင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဘုတလင်မြို့မှ အနောက်ဘက် (၃) မိုင်ခန့်အကွာ တွင်းရွာ အနီး တည်ရှိပါသည်။ တွင်းတောင်သည် မီးတောင်ဟောင်း ဖြစ်သည်။ အပြင်မှကြည့်လျှင်တောင်ကြီးတစ်လုံးပုံစံဖြစ်ပြီး အပေါ်တွင် ချိုင့်ဝှမ်းကြီးတည်ရှိနေသည့် စိမ်းပြာရောင်ရေများဖြင့် လှပနေသော အင်းကြီးဖြစ်သည်။ ယင်းအင်းထဲမှ အဖိုးတန် စိမ်းပြာရေညှိ (ခေါ်) စပီရူလိုင်းနားများ ထုတ်လုပ်လျက်ရှိပါသည်။