သီပေါစော်ဘွားနှင့်အနွယ်တော်များဂူဗိမာန်

Listing Description

သီပေါစော်ဘွားကြီးနှင့်အနွယ်တော်များ၏အုတ်ဂူများသည် သီပေါမြို့အဝင်အနီး လွယ်မုတ်တောင် ပေါ်တွင် တည်ရှိပါသည်။ ယခင် သီပေါမြို့(အုန်းပေါင်မြို့ဟောင်း)အနီးတည်ရှိရာ လွယ်မုတ်တောင်ပေါ်တွင် သီပေါနယ်၏ နောက်ဆုံးစော်ဘွားဖြစ်သည့် စဝ်ကြာဆိုင်၏ အဘိုး စလွယ်တော်ရ စော်ဘွားကြီး ဆာစဝ်ချယ် နှင့် အဖ စဝ်ကြာအုံ တို့၏ ဂူတော်များအပြင် ဆွေတော်၊ မျိုးတော်၊ အနွယ်တော်များအား အတူတကွ ခမ်းခမ်းနားနား ဂူဗိမာန်များဖြင့် သင်္ဂြိုလ်ထားပါသည်။ သီပေါမြို့ကိုတည်ခဲ့သည့် စဝ်ခွန်ဆိုင် ခေါ် စဝ်ကြာခိုင်၏ အုတ်ဂူသည် သီပေါမြို့နန်းဦးစေတီတော်ပရဝုဏ်အတွင်း အုတ်ပြဿဒ်ဖြင့် တည်ရှိပါသည်။ လွယ်မုတ်တောင်ပေါ်တွင် ကိုးသိန်းကိုးသန်းစေတီ၊ နဂါးရုံးဘုရားနှင့် ကမ္ဘာလုံးစေတီ တို့ကိုလည်း ဖူးမြော်နိုင်ပါသည်။