ရွှေဂူကြီးစေတီ

Listing Description

ရွှေဂူကြီးစေတီသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ရွှေကူရပ်၊ ရှောလီဝိုင်းရပ်ကွက်တွင် တည်ရှိပါသည်။ သီရိဓမ္မာအသောကမင်းကြီး၏ ကောင်းမှုဖြစ်သော စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ နှစ်ကာလ ကြာမြင့်လာ၍ စေတီတော်သည် ပြိုပျက်ခဲ့သဖြင့် ဗညားဒလအမတ်ကြီးက စေတီတော်ကို ၇ တောင်အမြင့်ထိ ပြုပြင်မွမ်းမံခဲ့သည်။ သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်တွင် ဦးကုလားနှင့် ဦးစံလှတို့သည် စေတီတော်ကို ၂၅ တောင်အမြင့်ထိ ထပ်မံပြုပြင်မွမ်းမံကာ ရွှေသင်္ကန်းကပ်လှူခဲ့ကြပါသည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော် ပြိုပျက်ခဲ့ပြန်သည်။ သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် ဒါယကာ ဒါယကာမများ စုပေါင်းကာ စေတီတော်ကို ကျောက်သားဖြင့် တည်ထားပူဇော်ခဲ့ကြပါသည်။ ယခုအခါ ရွှေဂူကြီးစေတီတော်ကို မိုးကုတ်မြို့၏ ရှေးအကျဆုံးစေတီတော်တစ်ဆူအဖြစ် ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။