မြောက်ရွှေတိဂုံစေတီ

Listing Description

မြောက်ရွှေတိဂုံစေတီသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်တွင် တည်ရှိပါသည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ ပုံတူတည်ထားပြီး ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိပါသည်။ ၂၀၀၄ ခုနှစ်မှစတင်၍ ကျောမခင်းဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံသမထေရ်ကြီးမှ ဦးဆောင်ကမကထပြု၍ ဟိုပင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စု တို့မှ အလှူရှင်များ စုပေါင်း၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ ကချင်ပြည်နယ်တွင် ဉာဏ်တော်အမြင့်ဆုံး စေတီတော်ကြီးဖြစ်ပြီး အင်းတော်ကြီးအိုင်မှ ၂၇ မိုင်ကွာဝေးသော ဟိုပင်မြို့တွင် တည်ရှိသည့် မြောက်ရွှေတိဂုံစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်နိုင်ပါသည်။ မြောက်ရွှေတိဂုံစေတီတော်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ၅ ရက်တိုင်တိုင်ကျင်းပပါသည်။