မဟာဘဒ္ဒမုနိစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ယက္ကန်းစင်တောင်ဒေသ၊ ပါချုပ်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတအရှင်နန္ဒမာလာဘိဝံသ၏ သစ္စာနန္ဒဓမ္မစင်တာ၌ တည်ရှိပါသည်။ ၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ပါချူပ်ဆရာတော်ဘုရားကြီး သက်တော် ၇၇ နှစ်ပြည့် မွေးနေ့အခါသမယ၌ အများပြည်သူကောင်းမှုဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏ မွေးရပ်မြေလည်းဖြစ်သော ဤဒေသတွင် ဓမ္မစင်တာကြီးလည်း ဆောက်လုပ်ပြီးဖြစ်သဖြင့် ယခုအခါတွင် ပြည်တွင်းပြည်ပမှ သာသနာ့နွယ်ဝင် သူတော်စင်များ၊ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မသင်တန်းများ၊ တရားစခန်းများလည်း ဖွင့်လှစ်လျက်ရှိသည်။