တန်ဂျာ (၂) တံတား

Listing Description

တန်ဂျာ(၂) တံတားသည် ပူတာအိုခရိုင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုကားလမ်းပေါ် မိုင်တိုင်အမှတ်(၁၉၂) တွင်တည်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့ (၁) မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ တံတားအရှည်မှာ ပေ ၃၃ဝ၊ ခန်းဖွင့်အကျယ်ပေ ၆ဝ နှစ်ခန်းနှင့် ပေ ၇ဝ သုံးခန်း၊ ယာဉ်သွား လမ်းအကျယ်မှာ ၁၃ ပေနှင့် ခြောက်လက်မ (တစ်လမ်းသွား)၊ ခွင့်ပြုအလေးချိန် မှာ ယာဉ်တစ်စီးချင်းတန် ၆ဝ ဖြစ်ပြီး တံတားတစ်စင်းလုံး၏ စီမံကိန်းတန်ဖိုးမှာ ငွေကျပ်သန်း ၁၁၃ဝ ဖြစ်သည်။