ရွှေဘုံရတနာမင်္ဂလာနန်းတော်

Listing Description

မင်္ဂလာနန်းတော် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့မဈေး ၏ အနောက်ဖက်ကပ်လျက်တွင် တည်ရှိသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စံမြန်းခဲ့ရာ နန်းတော်နေရာဖြစ်သည်။ ကိုလိုနီခေတ်က နန်းတော်နေရာကို ရွှေဘိုအကျဉ်းထောင်အဖြစ် ပြုလုပ်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင်မှ နန်းတော်ကို အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခန်းနှင့်ခန်းမ စုစုပေါင်း ၅၄ ဆောင် ရှိသည်။ နန်းတော်၏ အရှေ့တောင်အရပ်တွင် နန်းဦးအောင်မြေရှိပါသည်။ နန်းတော်ဝင်းအတွင်းတွင် ဘုံစံတုလွှတ်ကျောက် စာရုံနှင့် အလောင်းမင်းတရားကြီး၏ အုတ်နန်းပြဿဒ်တို့လည်းတည်ရှိသည်။