ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

Listing Description

ကချင်ပြည်နယ်၊ မချမ်းဘော၊ ပူတာအိုနှင့် နောင်မွန်းမြို့နယ်များအတွင်း တည်ရှိသည်။ ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စတုရန်းကီလိုမီတာ ၂၇၀၃.၉၅ ကျယ်ဝန်းသည်။ တောင်ပေါ်တော(ထင်းရှူး)၊ ရွက်ကြွေတော၊Alpine Shrubs၊Mountainous Temperate Forest သစ်တောအမျိုးအစားများ ပေါက်ရောက်ကြသည်။ ချေ၊ (ဂျီ)၊ မျောက်လွှဲကျော်မျက်ခုံးဖြူ(Eastern Hoolock Gibbon)၊တောင်ဆိတ်နီ(Red Goral)၊မြွေပါ(Small Asian Mongoose)၊ တောခွေးနှင့် ငှက်မျိုးစိတ်တချို့ ကျက်စားနေထိုင်ကြသည်။

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

- ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၆၀ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၈၂ မျိုးတို့အား လေ့လာနိုင်ခြင်း၊

- ဆောင်းကာလ ဆီးနှင်းဖုံးတောင်ပေါ် သဘာဝရှုခင်း၊ သဘာဝတောင်ပေါ် ထင်းရှူးတော၊ တောင်ဇလပ်တောများတွင် လေ့လာခံစားနိုင်ခြင်း၊

- တောတွင်း ဖောင်စီး ခရီးကြမ်းသွားလာခံစားနိုင်ခြင်း၊

- ဖုန်ကန်ရာဇီဒေသ ဇီဝမျိုးစုံမျိုးကွဲလေ့လာနိုင်ခြင်းနှင့် သုတေသနပြုနိုင်ခြင်း။