ရုပ်စုံကျောင်း (စလင်း)

Listing Description

စလင်းရုပ်စုံကျောင်းတော်သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ ရှမ်းရွာကုန်း၏အရှေ့ဘက်တွင် တည်ရှိပြီး မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၈၆၈ ခုနှစ်တွင် သူကောင်းမကြီး ဒေါ်ပုက တည်ဆောက်လှူဒါန်းထားခြင်းဖြစ်သည်။ ယင်းကျောင်းတော်ကြီးကို တိုင်အလုံး ပေါင်း ၂၄၅ တိုင်ဖြင့် တည်ဆောက်ထားပြီး တိုင်အကြီး တစ်လုံးလျှင် လုံးပတ် ၄ ပေ ၄ လက်မ၊ တိုင်အသေး တစ်လုံးလျှင် ၂ ပေ ၂ လက်မ၊ အမြင့်ပေ ၁ဝဝ အထိရှိကာ အရှေ့အနောက် အလျား ၁၇၈ ပေ ၈ လက်မ၊ တောင်မြောက် အလျား ၇၅ ပေရှိပါသည်။ သရက်ကင်းလှေကား ခြောက်စင်းရှိပြီး ပြဿာဒ်ဆောင်၊ စနူဆောင်၊ ဇေတဝန်ဆောင်တို့ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားကာ ရတနာပုံခေတ်ဗိသုကာလက်ရာနှင့် ရှေးဟောင်း အမွေအနှစ်ပစ္စည်းတို့ကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။