ဘိုချိုကျွန်း

Listing Description

ကပ္ပလီပင်လယ်၌ လှပသောကျွန်းတစ်ခုဖြစ်သည့် ဘိုချိုကျွန်းသည် လန်ပိကျွန်း၏ တောင်ဘက်တွင်တည်ရှိပါသည်။ ရှည်လျားဖြူဖွေးသောသဲသောင်ပြင်များ၊ လှပသောသဘာဝရှုခင်းများနှင့် ကျေးရွာများ၏ မြင်ကွင်းများကို တောင်ပေါ်ရှိဘုရားမှ လှမ်းမျှော်ကြည့်ရှုခံစားနိုင်ပါသည်။ ဘိုချိုကျွန်းတွင် ဆလုံလူမျိုးများ အခြေချနေထိုင်ကြသောကြောင့် ဆလုံလူမျိုးများ၏ ဘဝနေထိုင်မှုပုံစံကို လေ့လာမြင်တွေ့လိုသူများနှင့် သဘာဝအလှပအများကို ခံစားလိုသူများ လာရောက်လည်ပတ်နိုင်ပါသည်။