ထိုင်တော်မူဂေါတမဗုဒ္ဓဘုရားကြီး

Listing Description

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဘုရားသုံးဆူတောင်ပေါ်တွင် တည်ရှိပါသည်။ ဉာဏ်တော်အမြင့် ၂၅၅ ပေ ၆ လက်မရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယမြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီးဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် စတင်မြေရှင်း ပန္နက်ရိုက်၍ တည်ထားခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလ ၇ ရက်နေ့၌ တည်ဆောက်ပြီးစီးကာ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ၊ သံဃာတော်များက ဘုရားကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ဘုရားကြီးတွင် အထပ်ပေါင်း ၁၇ ထပ်ရှိ၍ အလွှာပေါင်း ၁၈ လွှာပါရှိသည်။ နောက်ဆုံးပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို အစွဲပြုပြီး၍ ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးဟူ၍ ဘုရားသုံးဆူတောင်ကျောင်းတိုက် ဆရာတော် ဦးတေဇဝန္တက ဘွဲ့အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။