ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

Listing Description

ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်အနီးတွင် တည်ရှိသည်။ ၁၉၉၈ ခုနှစ် အဆိုပြုဘေးမဲ့တောအဖြစ် တင်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ပတ်ဝန်းကျင်၌ သစ်ပင်ပန်းမန်းနှင် တောရိုင်းတိရစ္ဆာန်များကို စောင့်ရှောက်ရန် ရည်ရွယ်၍ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။ ၁၅၆.၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော၊ ရွက်ကြွေတာ(အပေါ်ပိုင်းစိုစွတ်) အမျိုးအစားများဖြစ်ပြီး တကမ္ဘာလုံး ခြိမ်းခြောက်ခံရသောမျိုးစိတ်များ ဖြစ်ကြသော ကျားသစ်၊ ဆီးရိုးတောဆိတ် (Serow)၊ တောင်ဆိတ်နီ(Red Goral) နှင့် ကျား များကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ထားသည်။

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

- ဘူမိရုပ်သွင်အရ ထူးခြားအံ့ဩဖွယ်ဖြစ်သော သဘာဝ ကျောက်တုံး ကြီးပေါ်တွင် တည်ရှိနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်နိုင်ခြင်း၊

- ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားအထိ တောတွင်းလျှောက်လမ်း အတိုင်း လမ်းလျှောက် သွားနိုင်ပြီး ထူးခြားလှပသော သစ်ခွမျိုး များကို သဘာဝအတိုင်း တွေ့မြင်လေ့လာနိုင်ခြင်း၊

- ငှက်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ရှုခင်းသာများမှ မြေပြန့် ဒေသရှိ ရှုခင်းများကို ကြည့်ရှုနိုင်ခြင်း၊

- အပန်းဖြေစခန်းများတွင် အေးချမ်းစွာအပန်းဖြေအနားယူ နိုင်ခြင်း၊

- ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ၇ မိုင်ခရီးကားလမ်း အတိုင်း လမ်းလျှောက်ပြီး လမ်းတစ်လျှောက် ရေတံခွန်များကို ကြည့်ရှု လေ့လာနိုင်ခြင်း၊

- ရသေ့တောင်ပေါ်တွင် အပန်းဖြေ အနားယူနိုင်ခြင်း၊

- သန့်စင်ကြည်လင်သောရေတံခွန်များတွင်ရေချိုးသန့်စင်နိုင်ခြင်း။