ရွှေစာရံစေတီ

Listing Description

ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မြို့မ(၃) ရပ်ကွက်တွင် တည်ရှိသည်။ ဆံတော်ရှင် ဆုတောင်းပြည့် ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်အတွင်း ရာဟုဒေါင့်၌ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော်က ပျံလွန်တော်မူခဲ့သော အများကရဟန္တာဟု ယုံကြည်ကြသည့် ဆရာတော်ဦးပညာ၏ ရုပ်ကလပ်တည်ရှိရာ စံကျောင်း ရှိသည်။ ဆရာတော်ဦးပညာ၏ ငယ်နာမည်ဦးလိပ်ကို ကိုယ်စားပြုသော ကျောက်လိပ် သည် ရွှေစာရံစေတီတော်မြတ်ကို ဖူးမျှော်ဦးတိုက်နေဟန် ယနေ့တိုင် တွေ့ရှိနိုင်ပြီ ကမ္ဘာလှည့်ခရီးသွားများ နေ့စဉ် ဝင်ရောက် လေ့လာမှုများပြားကြောင်း သိရသည်။ ရွှေစာရံစေတီတော်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်တိုင်ကာလ၌ စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိပါသည်။