ကျိုက်ထီးရိုးရေတံခွန်

Listing Description

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး၊ ကျိုက်ထီးရိုးစေတီတော် တည်ရှိရာတောင်ခြေအနီး၌ တည်ရှိပါသည်။ ကျိုက်ထီးရိုးစေတီတော်မှ ရေတံခွန်သို့ ခြေလျင်ခရီး သို့မဟုတ် ကားဖြင့် သွားရောက်အပန်းဖြေနိုင်ပါသည်။ ခြေလျင်ခရီးဖြင့်သွားလျှင် လမ်းတလျှောက်၌ အထက်ကိုးနဝင်းစေတီတော် နှင့် အောက်ကိုးနဝင်းစေတီတော် (ခ) ဓာတ်ပေါင်းစုကျောင်းကိုလည်း ဝင်ရောက်ဖူးမြော်နိုင်ပြီး သာယာလှပသော ရှုခင်းမျိုးစုံကို တွေ့မြင်ခံစားနိုင်ပါသည်။ ရေတံခွန်သည် ပေ ၈၀ ခန့်အမြင့်ရှိပြီး သုံးရာသီပတ်လုံး အမြဲမပြတ်စီးဆင်းလျက်ရှိသော ရေတံခွန်ဖြစ်သဖြင့် ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ပြီးလျှင် သွားရောက်အပန်းဖြေလည်ပတ်သင့်သော ရေတံခွန်တစ်ခု ဖြစ်ပါသည်။ ရေတံခွန်အနီးတွင်လည်း လုံးချင်း ဘန်ဂလိုများ၊ မွန်၊ ကရင် ရိုးရာအိမ်များ၊ ကျိုက်ထီးရိုး ဘုရားကို ဖူးမြော်နိုင်မည့် မှန်လုံခန်းများ၊ စားသောက်ဆိုင်များ၊ ဓာတ်ပုံဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များဖြင့် စည်ကားလျက်ရှိသည်။