မြစိမ်းတောင်ဘုရား

Listing Description

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်အနီး တည်ရှိပါသည်။ ဘုရားသမိုင်းရာဇဝင်အရ မြစိမ်းမယ်တော်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကို ဌာပနာ၍ အတွင်းမြစိမ်းစေတီနှင့် အပြင်မြစိမ်းစေတီဟူ၍ စေတီတော်နှစ်ဆူ တည်ထားခဲ့သည်ဟု သိရပါသည်။ နှစ်ကာလကြာမြင့်လာပြီး စေတီတော်နှစ်ဆူမှာ ပြုပြင်မွမ်းမံမှုမရှိခဲ့သဖြင့် ဘုရားငုတ်တိုအဖြစ် ပြိုကျပျက်စီးနေသည်ကို ကျိုက်ထီးဆောင်းဆရာတော်က ကိုးတောင်ပြည့်စေတီတော်များအဖြစ် တည်ထားကိုးကွယ်ခဲ့ပါသည်။