ချမ်းသာရစေတီ

Listing Description

ကချင်ပြည်နယ် ဗန်းမော်မြို့လယ်တွင် တည်ရှိသော ချမ်းသာရစေတီသည် ဗန်းမော်မြို့တွင် ထင်ရှားသော စေတီတစ်ဆူဖြစ်ပါသည်။ အဝိုင်းပုံ လှိုဏ်ဂူခံသော စေတီတော်ဖြစ်ပြီး လိုဏ်ဂူအတွင်းတွင် ဗုဒ္ဓဆင်းတုတော် လေးဆူ တည်ထားကိုးကွယ်ထားပါသည်။ စေတီတော်၏ အလှူရှင် ဒါယကာမှာ မင်းတုန်းမင်းနှင့် နှမတော် (မန္တလေးရွှေကျောင်းတော်ကြီး ကျောင်းအစ်မ) ဖြစ်သည်ဟု သိရပါသည်။