ဦးပိန်တံတား

Listing Description

ဦးပိန်တံတားသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ တည်ဆောက်ထားပြီး ၀.၇၅ မိုင် ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံးကျွန်းတံတားဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက်တွင် အမရပူရမြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်ပါသည်။ ယခင်ကအင်ဂျင်နီယာပညာရှင်တို့ စကေးမှန်ချိန်မပါပဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှုတံတားကြီးဖြစ်ပြီး လှိုင်းဒဏ်လေဒဏ်ခံနိုင်အောင် ဖြောင့်တန်းစွာမဆောက်ပဲ တောင်ဘက်သို့ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဌာန် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ တံတားကြီး၏တိုင်များမှာ ဇရပ်လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိပြီး ယခုအခါ တံတား၏သက်တမ်းမှာ နှစ်ပေါင်း ၁၅၀ ကျော်ပြီဖြစ်သည်။ တံတား၏ တိုင်များမှာ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ နန်းတော်တိုင်များဖြစ်ကြပါသည်။ ဦးပိန်တံတား၏ အနောက်ဘက်တွင်လည်း နှစ်ပေါင်းရာကျော်သက်တမ်းရှိ၍ အကွာအဝေးညီ စိုက်ပျိုးထားသော အရိပ်ကောင်းသည့် မယ်ဇယ်ပင်တန်း ရှိပါသည်။ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်သမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2020-07-22 20:48:31

Nice Place

ညနေခင်းတွင် လမ်းလျှောက်ထွက်သူများနှင့် စည်ကားလှပါသည်။

2020-06-29 20:49:16

Good

Verry Good