အမရပူရမြို့၊ မန္တလေး-စစ်ကိုင်း ကားလမ်းဘေးတွင် တည်ရှိသည်။ ကျောင်းတော်ကြီးသည် သက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ဘိုးတော်ဗဒုံမင်းတရားကြီးက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ပထမဗားကရာကျောင်းကြီးသည် သက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် မီးခပျက်စီးခဲ့သည်။ သာယာဝတီမင်း၏ သားတော် ပုဂံမင်းသည် သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ဒုတိယမဟာဝေယံဘုံသာကျောင်းတော်ကြီးကို မြန်မာမှုအနုပညာတို့ဖြင့် ခန့်ငြားလှပစွာ တည်ဆောက်လှူဒါန်းခဲ့ပြီး မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် ထပ်မံမီးလောင်ပြီး ပျက်စီးခဲ့ရာ အုတ်လှေခါးကြီး ၈ စင်းသာ ကျန်ရှိခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ်တွင် ဗားကရာ ကျောင်းတော်ကြီးသည် တောအချုံအတိ ဖုံးလွမ်းကာ တိမ်မြုပ်ခဲ့ရာမှ သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင် မြသိန်းတန်ဆရာတော် အရှင်ဉာဏုတ္တရက မှ ပြန်လည်ဖေါ်ထုတ်ပြီး အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ပေါင်း ၅၀၀ ကျော်နှင့် ရှေးဟောင်းပိဋကတ်တော်၊ ပေစာ၊ ပုရပိုက်စာများ ၅၀၀၀ ကျော် စုဆောင်းထားရှိခဲ့သည်။ ကျောင်းတော်ကြီးတွင် ဆောင်မကြီး၊ ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင်၊ အုတ်လှေကားပေါင်း ၈ စင်း၊ တိုင်ပေါင်း ၃၄၆ လုံး၊ တိုင်လုံးအချင်း ၂၂ လက်မ ရှိသည်။