ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံဖွင့်ပွဲ ကျင်းပ

Listing Description

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ် စံကိုက်ဆေးရုံ နှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က အဆိုပါ ကုန်း ဇောင်းတိုက်နယ် စံကိုက်ဆေးရုံဝင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် ဖွင့်လှစ်ပေးသည်။

တည်ဆောက်ပြီးစီးသည့် ကုန်းဇောင်းတိုက်နယ် စံကိုက်ဆေးရုံနှင့် ကျန်းမာရေး ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲ ဆိုင်းဘုတ်ကိုတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်း ဒေသကြီးအလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေး မှူး ဦးစန်းဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံအဆောက်အအုံ အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး သည်။ ပြီးနောက် တိုင်းဒေသကြီး တာဝန်ရှိသူများက တိုက်နယ်ဆေးရုံ အဆောက်အအုံအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စံကိုက်ဆေးရုံမှာ အလျား ၁၄၁ ပေ ၊ အနံပေ ၁၁၀ ၆ လက်မ၊ အမြင့် ၁၃ ပေ အာစီ တစ်ထပ်ဖြစ်ကာ မိုးရာသီတွင် ရေဝပ် မှုများ ကင်းဝေးစေရန်အတွက် Print Level အမြင့် ၅ ပေ ထည့်သွင်း၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လေးခန်းတွဲ တစ်ထပ်အဆောက်အအုံ နှစ်လုံး၊ သုံးခန်းတွဲ တစ်ထပ်အဆောက် အအုံတစ်လုံး၊ နှစ်ခန်းတွဲ တစ်ထပ် အဆောက်အအုံ တစ်လုံးတို့ကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၆၃၀၀ ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်တည် ဆောက်ခဲ့ရာ ယခုလဆန်းပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီး ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ပြန်/ဆက် )