ဘားဝပ်ကျောင်း

Listing Description

ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့တွင် တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၅၀ ခုနှစ်တွင် ဦးအံတော်နီက ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဦးအံတော်နီသည် လယ်ကိုင်းဒေသတစ်ဝိုက်တွင် လယ်ကိုင်းရုပ်စုံကျောင်းကဲ့သို့သော ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းများဒကာ တစ်ဦးဖြစ်သည်။ ဘားဝပ်ကျောင်းကြီးကို ထိုခေတ် ငွေ ဒင်္ဂါး ဆယ်တင်းအကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ ကျောင်းတော်ကြီးသည် အလျား ၁၂၈ ပေ ၊ အနံ ၆၇ ပေ ရှိပြီး တိုင်းလုံးပေါင်း ၁၆၅ တိုင် ၊ တိုင်ခန်းပေါင်း ၁၆၅ ခန်း ပါဝင်ကာ မြေပြင်မှ ကျောင်းဆောင်အမြင့် ၃၉ ဒသမ ၉ ပေ ၊ ပြဿဒ်အမြင့် ၇၅ ပေ ရှိကာ ကျောင်းဆောင်၏ တောင်ဘက်နှင့် မြောက်ဘက်မျက်နှာစာတို့တွင် ကျောင်းပေါ်သို့တက်ရောက်နိုင်သည့် အတက်အဆင်း လှေကား ၃ ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ယခင်က "ဖားဝပ်ကျောင်း"ဟုခေါ်ဆိုကြပြီး နောက်ပိုင်းတွင် "ဖားဝပ်ကျောင်း" မှ "ဘားဝပ်ကျောင်း"ဟု ပြောင်းလဲခေါ်တွင်လာခဲ့သည်ဟု သိရပါသည်။