ဒေါက်တာစိုင်းမောက်ခမ်း

Listing Description

၁၉၅ဝ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားခဲ့သည်။ အခြေခံပညာကို မူဆယ်မြို့တွင် သင်ကြားပြီး မန္တလေး ဆေးတက္ကသိုလ်သို့ ၁၉၆၈ ခုနှစ်တွင် တက်ရောက်သင်ကြားကာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ နန်းရွှေမှုန်နှင့် အိမ်ထောင်ကျခဲ့ပြီး နန်းအေနွမ်၊ နန်းမွန်းမွန်ခမ်း၊ စိုင်းစည်တွမ်ခမ်း ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။

ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနေ၍ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)တွင် ဝင်ပြိုင်ခဲ့ရာ အမျိုးသား လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် ၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ အထိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။